၁။ ဘုရားသခင် ၏ ခုနစ် ရက်
- Ivan Dove
- Apr 16, 2020
- 3 min read
Updated: Oct 29, 2020

ကမ္ဘာ ဦး ကျမ်း ၁
၁။ အစအဦး ၌ ကောင်းကင် I များ နှင့် မြေကြီး ကို ဘုရားသခင် ဖန်ဆင်း တော် မူ ၏ ။ လွန် ခဲ့ သော နှစ် သန်း ထောင် ပေါင်း ၅ ကုဋေ ခန့် က မူလ ဖန်ဆင်းခြင်း ဖြစ် သည် ။
၂။ ကမ္ဘာ မြေ သည် အဆင်း သဏ္ဍာန် မ ရှိ ၊ လွတ်လပ် လဟာ ဖြစ် ၍ မှောင်မိုက် ဖုံးလွမ်း လေ ၏ လွန်ခဲ့ သော နှစ် ၇၀၀၀ ခန့် က ဖြစ် သည် ။ ဘုရားသခင် ၏ ဝိညာဉ်တော် သည် ရေြပင် ပေါ် မှာ ဝပ် နေတော် မူ ၏။ လွန်ခဲ့ ေသာ နှစ် ၆၀၀၀ ခန့် က တစ်ဖန် ပြန် ဖန်ဆင်းခြင်း ၏ အစ ဖြစ် သည် ။
၃။ လင်း စေ ဟု ဘုရားသခင် မိန့်တော် မူ လျှင် လင်း လေ ၏ ။
၄။ အလင်း ကောင်း သည် ကို ဘုရားသခင် မြင်တော် မူ ၏ ။အလင်း နှင့် အမှောင် ကို ဘုရားသခင် ပိုင်းခြား လေ ၏ ။
၅။ အလင်း ကို နေ့ ဟု ဘုရားသခင် ခေါ် ပြီး ၊ မှောင်မိုက် ကို ည ဟု ခေါ် ကာ...ညနေ နှင့် နံနက် သည် တစ် ရက် ဖြစ် လေ ၏ ။
၆။ မိုးကောင်းကင် ပြင် ၏ အထက် ရေ နှင့် အောက် ရေ ပိုင်းခြား စေ ဟု...ဘုရားသခင် မိန့်တော် မူ သည် နှင့် ပိုင်းခြား လေ ၏ ။
၇ ၊ ၈ ။ မိုးကောင်းကင် မျက်နှာကျက် ကို ကောင်းကင် ဟု ဘုရားသခင် ခေါ် ပြီး ၊ညနေ နှင့် နံနက် သည် ဒုတိယ ရက် ဖြစ် လေ ၏ ။
၉။ မိုးကောင်းကင် အောက် ၌ ရှိ သော ရေများ စု စေ ဟု ဘုရားသခင် မိန့်တော် မူ သည် နှင့်ရေ စု ပြီး ပင်လယ် ပြင် ဖြစ် လေ ၏ ။သွေ့ခြောက် သော မြေ ပေါ် စေ ဟု မိန့်တော် မူ လျှင်... မြေပြင် ပေါ် လာ လေ ၏ ။
၁၀။ ပင်လယ်များ ကို ရေြပင်များ ဟု ဘုရားသခင် ခေါ် ပြီး ၊ သွေ့ခြောက် သော မြေ ကို မြေပြင် ဟု ခေါ် ကာကောင်း သည် ကို ဘုရားသခင် မြင်တော် မူ ၏ ။
၁၁။ မြေပြင် မှာ မြက်ပင် ၊ ဘယဆေး ပင် ၊ ဟင်းရွက် ဟင်းသီး ပင် ၊ သစ်သီး ပင်များ ၊ သူ့ မျိုးစေ့ အလိုက်အသီးသီး စေ ၊ အပင် ပေါက် စေ ဟု ဘုရားသခင် မိန့်တော် မူ သည့် အတိုင်း...
၁၂။ မြက် ပင်များ ၊ ဟင်းရွက် ပင် များ ၊ ဘယဆေး ပင် များ ၊ ဟင်းသီး ပင် များ ၊ အသီး သီး ပင် ၊ သူ့ မျိုးစေ့အလိုက် သီး လာ ၊ အပင် ပေါက် လာ ကြ သည် ကို ဘုရားသခင် မြင် တော် မူ လျှင် ကောင်း သည် ဟု - ဘုရားသခင် မိန့်တော် မူ ၏ ။
၁၃။ ညနေ နှင့် နံနက် သည် တတိယ နေ့ ဖြစ် လေ ၏ ။
၁၄။ မြေပြင် ပေါ် တွင် နေ့ နှင့် ည ပိုင်းခြား စေ ဖို့ နှင့်ရာသီ အပိုင်းအခြား ၊ နှစ် နှင့် နေ့ ၊ လ အချိန် ကို ပြ သော အလင်း အိမ် များမိုးကောင်းကင် ၌ တည် စေ ဟု ဘုရားသခင် မိန့်တော် မူ သည့် အတိုင်း
၁၅။ မြေပြင် ကို အလင်း ပေး ဖို့ မိုး ကောင်းကင် ၌ အလင်း အိမ်များ တည် ရှိ လာ သည် ။
၁၆။ အလင်း ၂ ခု ကို ဘုရားသခင် လုပ် ပြီး...ကြီး သော အလင်း က နေ့ ကို အုပ်စိုး စေ ၊
ငယ် သော အလင်း နှင့် ကြယ်များ က ည ကို အုပ်စိုး စေ ဖို့ နှင့်မှောင်မိုက် ကို ပိုင်းခြား ဖို့
၁၇။ မြေပြင် ကို အလင်း ပေး ဖို့
ကောင်းကင် မျက်နှာ ကျက် ပေါ် မှာ အလင်း အိမ် ၂ လုံး ကို တည် စေ လျှက်
၁၈။ ကောင်း သည် ကို ဘုရားသခင် မြင် တော် မူ ၏ ။
၁၉။ ညနေ နှင့် နံနက် သည် စတုတ္ထ နေ့ ဖြစ် သည် ။
၂၀။ ရေများ ၌ အသက် ရှင် သော တိရစ္ဆာန် များ မွေးဖွား စေ ၊ မိုးကောင်းကင် လေ ထဲ ၌ ပျံသန်း သော ငှက်များ ပေါက်ပွား စေ ဟု ဘုရားသခင် မိန့်တော် မူ သည် နှင့် သူ့ အမျိုးအစား အတိုင်း ဖြစ်ပွား ၍
၂၁။ ထို အရာ ကို ဘုရားသခင် ကြည့် လျှင်.... ကောင်း သည် ကို ဘုရားသခင် မြင် တော် မူ ၏ ။
၂၂။ သူတို့ ကို ဘုရားသခင် ကောင်းချီး ပေး လျက်အသီး သီး ၍ ပွားများ လော့ ၊ပင်လယ်များ နှင့် ရေများ ကို ပြည့်စေလော့ ။မြေ တစ်ပြင်လုံး ၌ ငှက် များ ပွားများစေ ။
၂၃။ ညနေ နှင့် နံနက် သည် ပဉ္စမ နေ့ ဖြစ် လေ ၏ ။
၂၄။ မြေ ပေါ် မှာ အသက် ရှင် သော သားယဉ် ၊ သားရဲ သူ့ အမျိုးအစား အလိုက် မွေးဘွား စေ ဟု -
ဘုရားသခင် မိန့်တော် မူ သည့် အတိုင်း ဖြစ် လေ ၏ ။
၂၅။ မြေပေါ် မှာ တွား တတ် သော တိရစ္ဆာန် သူ့ အမျိုးအလိုက် နှင့် နွား သတ္တဝါ သူ့ အမျိုး အလိုက် မွေးဖွားစေ ဟု - ဘုရားသခင် မိန့်တော် မူ သည့် အတိုင်း ဖြစ် လေ ၏ ။ထို အမှုအရာ ကောင်း သည် ကို ဘုရားသခင် မြင်တော်မူ ၏ ။
၂၆။ ငါတို့ ပုံ သဏ္ဍာန် နှင့် တစ် ညီ တစ် သဏ္ဍာန် တည်း လူ ကို ဖန်ဆင်း ကြ စို့ ၊သူ သည် ပင်လယ် ငါးတို့ ကို ၎င်း ၊မိုး ကောင်းကင် ငှက်တို့ ကို ၎င်း ၊သားယဉ် တို့ ကို ၎င်း ၊မြေ တစ်ပြင်လုံး နှင့် တစ် ကွ
၂၇။ ဘုရားသခင် ၏ ပုံသဏ္ဌာန်တော် နှင့် အညီ လူ ယောကျင်္ား ၊ လူ မိန်းမ ကို
ဘုရားသခင် ဖန်ဆင်း ပြီး လျှင်....
၂၈။ သူတို့ ကို ဘုရားသခင် ကောင်းချီး ပေး ပြီး ၊ သူတို့ ကို အသီး သီး လော့ ၊ ပွားများလော့ ၊ မြေပြင် ကို ပြည့စေလော့ ၊ နိုင်လော့ ဟု ဘုရားသခင် မိန့်တော် မူ ပြီး ပင်လယ်များ ထဲ ရှိ ငါး များ ၊ ကောင်းကင် မှာ ပျံသန်းသော ငှက် များ နှင့် မြေပြင် ပေါ် အသက် ရှင် လှုပ်ရှား သော သတ္တဝါ အားလုံး ေပါ် အုပ်စိုး လော့ ဟု - ဘုရားသခင် မိန့်တော် မူ ၏ ။
၂၉။ ကြည့် ပါ... မြေ တစ်ပြင်လုံး မျိုးစေ့ ကို ထုတ် သော သီးပင် ၊ သစ် ပင် အမျိုးမျိုး တို့ ကို ၎င်း ၊ စပါး သီး ကို သီး စေ သော စပါး ပင် အမျိုးမျိုး တို့ ကို ၎င်း ၊ သင်တို့ စားစရာ ဖို့ ငါ ပေး ၏ ဟု ဘုရားသခင် မိန့်တော် မူ ၏ ။
၃၀။ မြေပြင် ပေါ် ရှိ တိရစ္ဆာန် အားလုံး ၊မိုး ကောင်းကင် မှာ ပျံသန်း သော ငှက် အားလုံး ၊မြေ ပေါ် တွား တတ် သော အကောင်များ အတွက်စားစရာ အစာ အဖြစ် နွယ်ပင် ၊ မြက် ပင် ကို ငါ ပေး ၏ ဟု -ဘုရားသခင် မိန့်တော် မူ သည့် အတိုင်း ဖြစ် လေ ၏ ။
၃၁။ သူ ဖန်ဆင်း သမျှ အရာ အားလုံး ကို ဘုရားသခင် ရှုမြင် သည့် အခါအလွန်ကောင်း သည် ကို မြင် တော် မူ ၏ ။ညနေ ခင်း နှင့် နံနက် သည် ဆဋ္ဌမ နေ့ ဖြစ် လေ ၏ ။
Comentarios