ကျွန်ုပ်တို့အကြောင်း
ဤ website ရှိ စာစဉ်များသည် ဆရာကြီး ဒေါက်တာ သိန်းဌေး (Dr. Thein Htay) ၏ စာအုပ်များမှ ကောက်နှတ်ကာ ပြန်လည်ရေးသားထားခြင်ဖြစ်သည်။ ပုံများသည်လည်း သက်ဆိုင်ရာ စာအုပ်များ မှ သက်ဆိုင်ရာစာ ၏ ပုံများကို ပိုမိုရှင်းလင်းစေရန် ပြန်ဆွဲထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်များ မဟုတ်ပါ။
ဤ website လေးကို ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မှ စတင် ခဲ့ပါသည်။ ဤ website လေး ၏ ရည်ရွယ်ချက်မှာ ဆရာ ဒေါက်တာ သိန်းဌေး ၏ မြန်မာပြည် ခရစ်ယာန်များသာမက၊ မြန်မာ ပြည်သူပြည်သားများ အား ဘုရား၏စေတနာနဲ့ ရေးသားထုပ်ဝေခဲ့သော စာအုပ်များအား လူတိုင်း အချိန်မရွေး နေရာမရွေး ဖတ်နိုင်ရန်၊ ဘုရားနှင့် အပြန်အလှန် မိတ်သဟာရ ဖွဲ့ နိုင်ရန်၊ ဘုရား၏ ရည်ရွယ်ချက်၊ ဘုရား၏ စီမံကိန်း၊ ဘုရားပြုလုပ်ပေးနေသော အရာများ၊ ဘုရား ယခုပေးနေသော အရာများကို သိရှိကာ လက်ခံ တတ်၊ အသက်ရှင် တတ်ရန် ရည်ရွယ်ပါသည်။ မိတ်သဟာရ ပြုလုပ်ခြင်းတွင်လည်း စာအုပ်မလောက်ငှခြင်း များ၊ မေ့ကျန်ခဲ့ခြင်းများ တို့ ကို ဖြေရှင်းနိုင်ရန်၊ ပိုမိုအဆင်ပြေစေလို၍ ဤ website ကိုပြုလုပ်ခြင်းဖြစ်သည်။ နာမည်ကြီးလို၍၊ စီးပွားရှာလို၍၊ တခြားသောစိတ် ဆန္ဒများရှိ၍ ဤ website ကိုပြုလုပ်ခြင်းမဟုတ်ပါ။ ယခုအချိန်ကဲ့သို့ ခဲယဉ်းဆိုးယုတ်သော အချိန်ကာလ၊ ချီဆောင်ခြင်းနီးသော ကာလ၊ ဘုရားပေးသော ထာဝရတည်သော အသက်၊ အရည်အချင်း တို့ကို အလူအလဲ လုယူနေရမည့် ကာလတွင်၊ မတည်မြဲသော ဂုဏ်ပကာဿန၊ ပိုက်ဆံ၊ အောင်မြင်မှု တို့သည် ကျွန်တော်တို့အတွက် ရေးမကြီးတော့ပါ။ ဘုရား၏ စေတနာဖြင့်သာ အစေခံပေးစပ်ခြင်း သက်သကဖြစ်သည်။ ဤ website မှ ဘုရားပေးသည့်အရာများ၊ ဘုရားရည်ရွယ်ချက်နှင့် စီမံကိန်း၊ ဘုရားပေးသောအရာများ၊ ဘုရား လုပ်ပေးနေသည်များ သိရှိကာ သင့်အသက်တာ၌ လက်ခံရရှိကာ အသက်ရှင်နိုင်လျှင်၊ ဘုရားရည်ရွယ်ချက် စီမံကိန်း အလုပ်ဖြစ်မြောက်လျှင် ကျွန်တော်တို့ အတွက် လုံလောက်ပါပြီ။
ကျွန်တော်တို့ ကိုလည်း Gmail, FaceBook, Messenger တို့မှ ဆက်သွယ်၍ မေးချင်သော ဆွေးနွေးချင်သော အကြောင်းအရာများ သော်၎င်း၊ ကျွန်တော်တို့ မရေးရသေးသော ဆရာသိန်းဌေး၏ စာအုပ်များ ကို ရေးပေးစေလိုလျှင် သော်၎င်း၊ အခြားသောအကြောင်းအရာများ အကြံပေးခြင်းများ ပြုလုပ်နိုင်ပါသည်။
မြန်မာပြည်၌ ဘုရားစကား၊ ဘုရား၏အသက် ကို ဟောပြောပေးသောပွဲများ လည်းရှိပါသည်။ ထိုကဲ့သို့ သော ပွဲများ၏အချက်အလက် တို့ကိုလည်း ဤ website ၌ ဖော်ပြပေးသွားပါမည်။
