၁။ ဘုရားသခင်၏ မူလရည်ရွယ်ချက်
- Ivan Dove
- Apr 16, 2020
- 1 min read
Updated: Apr 19, 2020

ဖန်ဆင်းရှင်ဘုရားသည် … ဦးစီး၊ ဦးခေါင်း နှင့်လင်အဖြစ် ဘုရားသခင် သတ်မှတ်ထားခြင်းကြောင့် ဖန်ဆင်းခံ လူသားအားလုံးကို ဘုရားသခင်၏ ကိုယ်ခန္ဓာနှင့် မယားအဖြစ် ဘုရားသခင်ခံယူကာ၊ ရည်ရွယ် ဖန်ဆင်းခဲ့သည်။
ဖန်ဆင်းခံရသောလူသည် ဖန်ဆင်းရှင် ဘုရားသခင်နှင့် ဆိုင်သည်။ ဖန်ဆင်းခံ လူကို ဖန်ဆင်းရှင်ဘုရားသခင် ချစ်သည်၊ ပိုင်သည်၊ နှမျောသည်၊ အစစ အရာရာ တာဝန်ယူသည်။
လူသည် … ဘုရားသခင်၏ အချစ်ဆုံး၊ အနှစ်သက်ဆုံး၊ အလိုချင်ဆုံး၊ အလိုအပ်ဆုံး၊ အခုံမင်ဆုံး၊ နှမျောတသဆုံး၊ သနားကြင်နာဆုံးဖြစ်သည်။
ဘုရားသခင်နှင့် လူသည် တစ်လုံးတစ်ကိုယ်တည်း တစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်းကြောင့် ကိုယ်အင်္ဂါ ဘယ်အပိုင်းကိုပဲ ထိခိုက်နာကျင်ခံရလျှင် ဘုရားသခင်ကို ထိခိုက်နာကျင်ရာ ရောက်စေသည်။
လူကို ဘုရားသခင် ဖန်ဆင်းထားခြင်းဖြစ်၍ လူသည် ဘုရားသခင်၏ ချစ်ကြင်နာဆုံး၊ မြတ်နိုးခုံမင်ဆုံး ဖြစ်ခြင်ကြောင့် သူတပါးလက်ထဲသို့ရောက်လျက် ဒုက္ခ ဆင်းရဲခံရမည်ကို မနှစ်လို၊ မကြည့်ရက်၊ မကြည်ဖြူ၊ မခံစားတတ်၊ ခွင့်မပြုနိုင်အောင် သဝန်တို၊ မနာလိုသော ဘုရားဖြစ်သည်။
ဖန်ဆင်းခံရသော လူသားအားလုံးသည် ဘုရားသခင်၏ ကိုယ်ခန္ဓာနှင့် ဘုရားသခင်၏ အချစ်ခံရသော မယားအဖြစ် ဘုရားသခင်ခံယူသည်။
ဖန်ဆင်းခံရသောလူ အာဒံ၏ ဝိညာဉ်၊ စိတ်၊ ခန္ဓာ သည် အလွန်ကောင်းခြင်းကြောင့် ချို့ယွင်းချက်မရှိ၊ အားနည်းခြင်းမရှိ၊ အပြစ်အနာအဆာမရှိ၊ အိုခြင်း မရှိ၊ နာခြင်းမရှိ၊ သေခြင်းမရှိပါ။
ဘုရားသခင်၏ ဧဒင်ဥယျာဉ်၌ ဘုရားသခင်နှင့်လူ တိုက်ရိုက် တပြေးညီ တွေ့ဆုံသဟာရ ဖွဲ့ခွင့်ရှိသည်။
ဘုရားနှင့် လူကြား၌ ယဇ်ပူဇော်ခြင်းမရှိ၊ ပညတ်မရှိ၊ တရား ကျင့်ထုံး မရှိ၊ ကျမ်းစာမလိုဘဲ အချိန်မရွေး လူနှင့် ဘုရား လွတ်လွတ်လပ်လပ် သဟာရဖွဲခွင့်ရှိသည်။

Comments