၅။ မူလ ရည်ရွယ်ချက် ကို အကောင်အထည်ဖော်ခြင်း အပိုင် (၂)
- Ivan Dove
- Apr 17, 2020
- 2 min read
Updated: Apr 19, 2020

ကျွန် ဘဝ မှ ဘယ်လို လွတ်မြောက် နိုင်မလဲ ?
သေ မှ ပဲ ကျွန် ဘဝ မှ ကျွတ်လွတ်မယ်။
တရားသော တရားမင်း ဘုရားသခင် က ကျွန်ခံနေရသော မယား “ငါ” ကိုသာ အသေသတ် သည် သာမကပါ စေခိုင်၊ ဗိုလ်ကျ၊ ဆရာကြီး လုပ်နေသော လင် စာတန်မာရ်နတ် ကိုပါ အပြစ်ကင်းမဲ့သော ယေရှု၏ သွေးသား ခန္ဓာ ထဲ ထည့် စီရင် ကွပ်မျက် ပြီးပြီ။
ယေရှု စီရင် အသတ်ခံရသည့်အခါ အပြစ်သား၊ သေခြင်းဆိုးများ ကို ထည့်သတ်ရုံ သာမကပါ လူ ကို အပြစ်ထဲ သွေးဆောင် လှည့်ဖြားသည့် နတ်ဆိုးများကိုပါ စီရင် သတ်ပစ် ခံရခြင်းထဲ ပါသွားသည်။
မာရ်နတ် အမှုတို့ ကို ပယ်ဖျက်ခြင်း ငှါ၊ ဘုရားသခင် ၏ သားတော်သည် ထင်ရှားပေါ်ထွန်း တော်မူ၏။
အလွန့် အလွန် ဉာဏ်ပညာ ရှိ သော ဘုရားသခင် သည် အလွန် ပါးနပ်၊ အလွန် လည် သော ကြောင့် …
-အနုတ်လက္ခဏာ အမှု နှင့်
+အပေါင်းလက္ခဏာ
အမှု ၂ မျိုး ကို တစ်ပြိုင် တည်း လုပ်တတ်သည်။
ဘုရားသခင် ၏ တန်ခိုး တော်သည် ရှင်နေသူ ကို အသေ လည်း သတ် သည်။ သေသူကိုလည်း ပြန်ရှင်စေ သည်။ ဖျက်ဆီး နိုင်စွမ်း ရှိသည်။ ကောင်းစေနိုင်စွမ်း လည်းရှိသည်။ မြင်သောသူ ကို ကန်းစေနိုင်စွမ်း ရှိသည်။ ကန်းသောသူ ကို မြင်စေနိုင်စွမ်း ရှိသည်။
မိမိ ကိုယ်ကို သိသည်၊ တတ်သည်၊ ပညာရှိသည် ဟုထင်သူများ ကို ဝိညာဉ် အရာ ၌ နုံ၊ အ၊ ထုံ၊ ထိုင်း စေ သလို မိမိ ကိုယ်ကို ဘာမျှ မသိ၊ မတတ် ဟုဝံခံ နှိမ့်ချသော သူအား ပညာရှိ ဖြစ်စေသည်။
ဘုရားသခင် သည် စဉ်းစားတတ်၊ ပိုင်းခြားတတ်၊ ရွေးခြယ်တတ်၊ ဖယ်ရှားတတ်၊ ရှင်းလင်းတတ် သည်။ ဘုရားသခင်သည် ချစ် ချင်သည်၊ စေတနာ သဒ္ဓါရှိသည်၊ ပေးချင်သည်၊ အစေခံချင်သည်၊ နစ်နာခံချင်သည်၊ လုပ်ပေးချင်သည်၊ ဖြစ်စေချင်သည်၊ အလိုရှိသည်။
လူ အတွက် ထာဝရ ရည်ရွယ်ချက် ရှိသည်။
လူကို ဘုရားသခင် ချစ်လွန်းအားကြီးခြင်းကြောင့် မိမိ ကိုယ်ကို ပေးပြီး လူကိုချစ်သည်။ ဤနေ့ this day ခရစ်တော် ပြန်ရှင် သည့် နေ့ ကျလျှင် ခရစ်တော်နှင့် ပြန်ရှင်သူများ ကို ဘုရားသခင် ၏ သားများ ဖြစ်ခွင့် ရစေရုံသာမကပါ၊ ခရစ်တော် ၏ ကိုယ်အင်္ဂါများ၊ ခရစ်တော် ၏ ကိုယ် ခန္ဓာ နှင့် ခရစ်တော် ၏ သတို့သမီး ပါ ဖြစ်ခွင့် ရစေသည်။
သေခြင်းမှ ခရစ်တော် ပြန်ရှင်သည့် အခါ … အဘ ဘုရားက ခရစ်တော် ကို အသင်းတော် ၏ ဦးခေါင်း နှင့် အရာ ခပ်သိမ်း ၏ ဦးခေါင်း ဖြစ်စေသည်။
ခရစ်တော် နှင့် အတူ ဝိညာဉ် ပြန်ရှင်သူများ ကို ခရစ်တော်၏ ကိုယ်ခန္ဓာ အဖြစ် တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေပြီး မှ ဦးခေါင်း ခရစ်တော် သတို့သား နှင့် ခရစ်တော် ၏ ကိုယ် ဖြစ်သော ခရစ်တော် ၏ သတို့သမီး ကို တစ်လုံးတစ်ကိုယ်တည်း ဖြစ်အောင် ဘုရား ပေါင်းဖက်ပေးလိုက် ပြီးပြီ။
ခရစ်တော် နှင့် အတူ ပြန်ရှင်သည့် ကျွန်ုပ်တို့ ၏ ဝိညာဉ် နှင့် သေခြင်း မှ ပြန်ရှင်သည့် ခရစ်တော် ကို … အဘ ဘုရား ထိမ်းမြားပေးခြင်း ကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့ ၏ တရားဝင် လင် အသစ် ဖြစ်သည်။
လူမိဘမှ လောကထဲ ပထမ အကြိမ် မွေး လာသူ သည် … ရုပ်သက် တစ်မျိုးတည်း ဖြင့် သာ ရှင် သေးခြင်း ကြောင့် တစ်လင်တည်းပဲ ရှိ သေးသည်။
ရုပ်သက် ဖြင့် မွေးလာသူတိုင်း ဝိညာဉ် သေနေ သေးသည်။ ဝိညာဉ် ဒုတိယ အကြိမ် မွေးဖွား ရှင်သန်လာမှ ဒုတိယလင် ရှိလာခြင်း ဖြစ်သည်။ များစွာသော ခရစ်ယာန်တို့ သည် လင် ၂ ဦးကြားမှာ မျောက်မထားသော နောက်မီးလင်းနေသူများ ဖြစ်ကြသည်။
ပြောတော့ ခရစ်တော်ကို ယုံကြည်သည်၊ ခရစ်တော် စကားကို နားထောင်သည် ဟုပြောြပီး၊ လက်တွေ့ မှာ ဘာသာတရား လင်ဟောင်း နောက် … လိုက်နေဆဲ ရှိသေးသည်။
လင်ဟောင် ဘာသာတရားနောက် လိုက်နေသူများကို ခရစ်တော်၏ သတို့ သမီး အဖြစ် သတို့သား ခရစ်တော် က လက်မခံနိုင်၊ မယူချင် သောကြောင့် ချီဆောင်ခြင်းနေ့ ကျလျှင် ချန်ထားခဲ့မည်။
ခရစ်တော်၏ တရား ပလ္လင် ရှေ့ ရောက်လျှင်လည်း ခရစ်တော် ၏ ငြင်းပယ် ခံရခြင်းကြောင့် … အပြင် အရပ်၊ မှောင်မိုက် ထဲ၊ အံသွား ခဲကြိတ်ခြင်း ထဲ ပစ်ချ စီရင်ခံရဦးမည်။
ခရစ်တော်သည် ချစ်သူ ကို အခြားလင် နှင့် ဖက်စပ် မ ပိုင်ချင်ပါ။
ခရစ်ယာန်တွေက ဘာသာတရား လင် နှင့် မိမိ ကို အသက် နှင့် ရှိသမျှ ပေးပြီး ချစ်သည့် လင် ချစ်သူ ဘုရားသခင်ကို မခွဲခြား တတ်ခြင်းကြောင့် …
ဘာသာတရား လင် ၏ စကားကို နာခံလိုက်၊ ခရစ်တော် ဘုရား လင်၏ စကား ကို နာခံ လိုက် ဖြင့် လုံ့ချာလည် နေကြသည်။
လင်ဟောင်းနှင့် ပြတ်နည်း လင်သစ်၏ ချစ်ခြင်း ခံယူ နည်း စာအုပ်ထုတ်နေပြီ။
ဘုရားသခင် ၏ ရည်ရွယ်ချက်၊ အလိုတော်၊ စီမံကိန်း၊ ဘုရားသခင် ၏ အလုပ် ၂ ပိုင်း … စာအုပ်တွင် လေ့လာပါ။ ဘုရားသခင် ၏ အလိုတော် နှင့် အညီ သင် အသက် ရှင် တတ်လာမည်။ သို့ မှသာ လင် ၂ လင် နှင့် မျောက်မထားနေခြင်း ဘဝမှ ကျွတ်လွတ်မည်။
Comentarios