top of page

၁။ ဖန်ဆင်းခြင်း အဟောင်း

  • Writer: Ivan Dove
    Ivan Dove
  • Apr 19, 2020
  • 1 min read

Updated: Oct 29, 2020


ဘုရားသခင် နှင့် လူသည် …

ကောင်းကင် နှင့် မြေကြီး ကွာဝေးခြင်းကြောင့် …

ဘုရားစစ်၊ ဘုရားမှန် ကို သိ ကြ သည့် ဂျူး လူမျိုး တို့ပင် …

ဆုတောင့် သည့် အခါ မိုးကောင်းကင် သို့ မျှော် ကြည့် တမ်းတ လျှက်



“ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရား … ကျွန်ုပ်တို့ ကို ငုံ့ကြည့်တော်မူပါ။”
ဟု တောင်းလျှောက်ကြ၏။

ဘုရားစစ်၊ ဘုရားမှန် ကို မသိ ကြသည့် လူပေါင်းစုံတို့သည် ယဇ် ပလ္လင် တည်ကာ သတ္တဝါ ပေါင်းစုံ ကို လည်လှီးပြီး ဘုရားအမျိုးမျိုး၏ စိတ်ကျေနပ်ဖို့၊ အထပ်ထပ် အဖန်ဖန် ယဇ်ပူဇော် ဆက်သ လည်း လူ နှင့် ဘုရား နီးစပ်မလာချေ။


လူသည် … ကောင်းမှု၊ ကုသိုလ်၊ ဘာသာတရား၊ ကျင့်စဉ် အမျိုးမျိုး၊ ကျင့်ကြံ ကျိုးစားလည်း … ဘုရားသခင် ထံ မရောက်နိုင်ချေ။


ဘုရားက လူကို …

ဖန်ဆင်းထားသော ဂြိုလ် နက္ခများ၊ ကောင်းကင် တန်ဆာပလာများ၊ သီးပင် စားပင် များ၊ သတ္တဝါ အမျိုးမျိုး၊ လူ၌ တွေ့ကြုံဖြစ်ပျက် သည့် အရာများကို ညွှန်ပြလျက် … ပုံဆောင်ခိုင်းနှိုင်းပြီး ပြောပြလည်း

လူတို့သည် သတိမမူ၊ သဘောမပေါက်၊ နားမလည်ကြချေ။


စေတမန်များ၊ ပရောဖက်များ၊ အထပ်ထပ် အဖန်ဖန် စေလွှတ်ပြီး၊ စကားပြောခြင်းဖြင့် တစ်မျိုး၊

ဘုရားသခင် ကိုယ်တော်တိုင် … လူအဖြစ် ကြွလာပြီး လူကို သတိပေး ပြောကြားလည်း … လူတို့သည် သူ့ကို မယုံကြည်၊ လက်မခံကြချေ။


ဘုရားသခင် စေလွှတ်သည့် ပရော်ဖက် အစစ်ကို အတု ထင်ပြီး နှိပ်စက် ညှင်းဆဲ ကာ သတ်ပစ်လိုက်ကြသည်။

လူသည် အတု ကို အစစ် ထင်ကာ ချီးမြှောက်၊ အားကိုး၊ နာခံကြသည့် အမှားကို မှားကြောင်း သိမြင်၊ နောင်တ ရဖို့ လိုသည်။


သားတော်ရင်း ကို ဘုရားသခင် စေလွှတ် လိုက်သည့် အခါ ကျမ်းတတ် နှင့် ဘာသာရေး ခေါင်းဆောင်များက

ခုံရုံးတင် တရားစွဲပြီး၊ ကားစင် တင် သတ်ပစ်လိုက် ကြပြန်သည်။


ဘုရားသခင်၏ သားတော် ယေရှုခရစ် ကိုယ်တိုင် လောက သို့ လူအဖြစ် ကြွလာပြီး၊ လူစကားပြောလျက် မမြင်နိုင်သည့် ထာဝရဘုရားကို လူတွေမြင်အောင် အသက်ရှင် သက်သေခံလည်း လူတို့သည် မယုံကြည်၊ လက်မခံကြချေ။


ဖန်ဆင်းခြင်း အဟောင်းမှာ …

God is God, Man is man.

ဘုရား ဟာ ဘုရားဘဲ၊ လူ ဟာ လူ ဘဲ။


ဘုရား က သီးသီးသန့်သန့် ကောင်းကင် မှာ နေ ပြီး …

လူ က ဘုရား နှင့် ကင်းကင်းဝေးဝေး မြေကြီး မှာ နေသည်။


ဘုရားသခင် နှင့် လူ - သီးသီးခြားခြား၊ ကွာလှမ်း၊ ဝေးလံ နေသည်။

ဘုရားသခင် နှင့် လူ - ဘယ်လိုမှ ရင်းနီး၊ တော်စပ်၊ ပေါင်းဖက် မရနိုင်ပါ။

ဘုရားသခင် က သန့်ရှင်း မြင့်မြတ်ပြီး၊ လူ က ညစ်ညူး ယုတ်ညံ နိမ့်ကျ သည်။

ဘုရားသခင် ၏ အကြံအစည် နှင့် လူ့ အကြံအစည်

ဘုရားသခင် ၏ စိတ်သဘော နှင့် လူ့ စိတ်သဘော

ဘုရားသခင် ၏ အမြင် နှင့် လူ့ အမြင်

ဘုရားသခင် ၏ အလို နှင့် လူ့ အလို

ဘုရားသခင် နှင့် လူ

ကောင်ကင် နှင့် မြေကြီး …

ကွာလှမ်း၊ ခြားနား နေသည်။


#OldCreation #GodAndMan #GodsCreation #Creation #OldCreationAndNewCreation #ဖန်ဆင်းခြင်းအဟောင်းနှင့်ဖန်ဆင်းခြင်းအသစ်

Commenti


© 2023 by Name of Site. Proudly created with Wix.com

အမည်စရင်းပေးရန်

Thanks for submitting! စာစဉ်အသစ်၊ ပွဲသတင်း များနှင့် အခြားသတင်းများအား ဤ email မှတဆင့် အကြောင်းကြားပါမည်။

bottom of page