top of page

၄။ မူလရည်ရွယ်ချက် ကို အကောင်အထည်ဖော်သော ဘုရား အပိုင် (၁)

  • Writer: Ivan Dove
    Ivan Dove
  • Apr 16, 2020
  • 1 min read

Updated: Apr 19, 2020


လူကို ဘုရားသခင်၏ အချစ်ခံအမွေခံ ဖြစ်ဖို့၊

လူကို ဘုရားသခင်၏ အပိုင်ခံသည့် မယားဖြစ်ဖို့၊

လူသည် ဘုရားသခင် ကို အမွေ ခံ ရ သူ ဖြစ်ဖို့၊

လူသည် ဘုရားသခင် နှင့် အတူ ကောင်းကင် အမြင့်ဆုံး ပလ္လင် ပေါ် စိုးစံ ဖို့ သည် ဖန်ဆင်းခြင်း မတိုင်မီ က ပင် ဘုရားသခင် ကြံရွယ် စီမံ ခဲ့သည်။


ဘုရားသခင်ထက် ဦး အောင် လူထဲသို့ လူစီဖာ နတ်ဆိုး က လျှိုဝင်ကာ လူကို မယားအဖြစ် အပိုင်သိမ်းခြင်းကြောင့် စာတန်မာရ်နတ်သည် လူ၏ ပထမ လင် ဖြစ်သွားခဲ့သည်။ ဒါက လွန်ခဲ့သော နှစ် ၆၀၀၀ က ဖြစ်သည်။


လူကို နတ်ဆိုး စာတန် ပိုင်သွားခြင်းကြောင့် သူ့လက်ထဲ ဘုရားသခင် ပေးအပ်ထားသော ဘုရား၏ ဖန်ဆင်းခံ ကမ္ဘာမြေကြီး၊ မြေအောက် သံယံဇာတများ၊ မြေပေါ် သတ္တဝါများ၊ သီးပင်သစ်ပင်များ ကို နတ်ဆိုးသိမ်းယူသွားသည်။


လူအား ဘုရားသခင် ချီးမြှောက် ခန့်ထား သည့် ဘွဲ့၊ ရာထူး၊ အာဏာ ၃ ခုကိုလည်း နတ်ဆိုး ယူသွားသည်။


သို့နှင့် နတ်ဆိုးသည် ... လူအာဒံ နှင့် ဤ ကမ္ဘမြေတစ်ပြင်လုံးကို နှစ် ၄၀၀၀ ကြာ ပိုင်သွားရုံမကပါ ...

လူအာဒံ နှင့် ဤ ကမ္ဘာမြေ တစ်ပြင်လုံး ၏ အရှင်သခင် နှင့် ပိုင်ရှင်

ဤ ကမ္ဘာမြေ တစ်ပြင်လုံး ကို အုပ်စိုးသည့် မင်း

ဤ ကမ္ဘာမြေ တစ်ပြင်လုံး ကို စီရင်သော ဘုရား ဖြစ်သွားသည်။



နှစ် ၄၀၀၀ ကြာ ဤ ကမ္ဘာမြေကို နတ်ဆိုး ကြီးစိုးထားခြင်းကြောင့် ဤကမ္ဘာမြေပေါ် ပေါက်ဖွားလာသမျှ သတ္တဝါ အားလုံး နှင့် အပင်အားလုံး ကို အုပ်စိုးရှင်နတ် က ပိုင်သွားသည်။


ဤကမ္ဘာပေါ် မွေးဖွား လာသမျှ လူသည် …

၁။ နတ်ဆိုး သား ဖြစ်သည်။

၂။ နတ်ဆိုး မယား ဖြစ်သည်။

၃။ နတ်ဆိုး ကျေးကျွန် ဖြစ်သည်။


နတ်ဆိုးသည် အာဏာရှင် ဖြစ်သည်။ အဓမ္မ ပုဂိုလ် ဖြစ်သည်။ ဤ ကမ္ဘာပေါ် ရှိ အရာအားလုံး၊ သတ္တဝါ အားလုံး ကို သူ တဘက်သက် ပိုင်သည်။ မည်သည့် ပုဂ္ဂိုလ် မျှ သူ့လက်မှ လွတ်လပ်ခြင်း မရနိုင်ပါ။

စာတန်မာရ်နတ်သည် ကျွန်ပိုင်ရှင်ကြီးဖြစ်သည်။


ကျွန်ုပ်တို့သည် ကျွန် နိုင်ငံ၊ ကျွန် စနစ်၊ ကျွန် ဆရာကြီး မိသားစု ထဲ မွေးဖွား လာခြင်း ကြောင့် အလုပ်၏ ကျွန်၊ ငွေ ၏ ကျွန်၊ စာတန် ၏ ကျွန်၊ လူ ၏ ကျွန်၊ ဪဝါဒ ၏ ကျွန်၊ စနစ် ၏ ကျွန် ဖြစ်နေကြသည်။



Comments


© 2023 by Name of Site. Proudly created with Wix.com

အမည်စရင်းပေးရန်

Thanks for submitting! စာစဉ်အသစ်၊ ပွဲသတင်း များနှင့် အခြားသတင်းများအား ဤ email မှတဆင့် အကြောင်းကြားပါမည်။

bottom of page