၃။ ပညတ်တရား
- Ivan Dove
- Apr 16, 2020
- 1 min read
Updated: Apr 19, 2020

ဘီစီ ၁၄၄၆ ကျမှ လူသားများ၏ တောင်းဆိုချက် အရ ပညတ်တရားကို လူတို့ထံ ဘုရားသခင် ချပေးလိုက်သည်။
လူမျိုး ကွဲပြဲခြင်းကြောင့် တိုင်းနိုင်ငံ အမျိုးမျိုး ပေါ်ထွန်းလာခြင် ဖြစ်သည်။ တိုင်းနိုင်ငံများ သူ့ တရား ဥပဒေများ ကိုယ်ဆီရှိကြသည်။ ယခု ရုပ်သက် ဖြင့် မွေးလာ သူတိုင်း မွေးဖွားလာသည့် လူမျိုး နှင့် နိုင်ငံ ၏တရား နှင့် ထိမ်းမြား ပြီးသွား သည်။
မယား ဆိုသည့် လူ က လင် ဖြစ်သော တရား၏ စကားကို သေသည့်တိုင် နာခံ ဖို့ တာဝန်ရှိသည်။ လူ့လောက ထဲ မွေးလာသမျှ လူတိုင်းကို မွေးလာသည့် တိုင်နိုင်ငံ၊ လူမျိုး၏တရား နှင့် ထိမ်းမြားထားခြင်းကြောင့် မယားဖြစ်သော လူ က လင် ဖြစ်သော တရား၏ စကားကို နာခံရသည်။

ဘီစီ နှစ် ၄၀၀၀ လုံးလုံး ဤ ကမ္ဘာကို အုပ်စိုးသော မင်း သည် … နတ်ဆိုး လူစီဖာ (Lucifer) ဖြစ်သည်။ လွန်ခဲ့ သည် နှစ်သန်းထောင်ပေါင်း ၅ ကုဋေ က မူလ ဖန်ဆင်းခြင်း ကပင် ဘုရားသခင်၏ တရားနှင့်အညီ အရေးယူ ဆောင်ရွက်ဖို့ လူစီဖာအား ဘုရားသခင် ခန့်ထား တာဝန်ပေးခဲ့သည်။
Satan is a legalist.
စေတန်သည် တရား နှင့် အညီ တိတိကျကျ အရေးယူ အပြစ်ဒဏ်ပေးသူ ဖြစ်သည်။ ထို့ကြောင့် ပထမ လင် ဖြစ်သော စာတန် မာရ်နတ် သည် လူ ကို တရား နှင့် အညီ လုပ်ရမယ်၊ မလုပ်ရဘူး ခိုင်းစေခွင့် ရှိရုံမကပါ တရားအတိုင်း မနာခံ ဘဲ ချိုးဖောက်သူများ ကို အရေးယူ စီရင် ပြစ်ဒဏ် ပေးသူ ဖြစ်သည်။
Comments